[unicode] ဒီ ဇာတ်လမ်းတွဲလေးကတော့ Webtoon ကိုအခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ အဓိကသရုပ်ဆောင်များကတော့ နာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Song Kang, Lee Jin Wook, Lee Do Hyun နဲ့ Lee Shi Young တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုတ်တရက်အက်စီးဒန့်တစ်ခုကြောင့် မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ အထက်တန်းကျောင်းသားလေး Hyun Soo ဟာ Green Home ဆိုတဲ့ တိုက်ခန်းဟောင်းတစ်ခုကို ရွှေ့ပြောင်းလာခဲ့ပါတယ်။အဲ့ဒိချိန် အပြင်ဘက်မှာလည်းလူကနေ မကောင်းဆိုးအဖြစ်ပြောင်းလဲစေတဲ့ရောဂါတစ်မျိူးပြန့်နှံ့နေပြီပဲဖြစ်ပါတယ်။ Hyun Soo လည်းတဖြည်းဖြည်းနဲ့ Green Home တိုက်ခန်းဟောင်းက ထူးဆန်းမှုတွေကိုသိရှိသွားပြီ ထိုတိုက်ခန်းဟောင်းမှာ လူသားတွေက မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကို ရှာဖွေတွေ့ရှိသွားပါတော့တယ် ထိုမကောင်းဆိုးဝါးများကို သူအပါအဝင်တိုက်ခန်းမှာနေထိုင်သူတို့ စုပေါင်းပြီး တိုက်ခိုက်ကြရပါတော့တယ်... လူသားတွေနဲ့ မကောင်းဆိုးဝါသတ္တဝါတို့ခိုက်ကြရင်း ဘာတြွေဖစ်လာမလဲ...အသက်ရှင်သန်ဖို့ ဘယ်လိုတွေ ကြိုးပမ်းရမလဲဆိုတာတွေကို သည်းထိတ်ရင်ဖို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ [Zawgyi] ဒီ ဇာတ်လမ်းတွဲလေးကတော့ Webtoon ကိုအခြေ...
Comments
Post a Comment