Train To Buan (2016)
အင္မတန္အလုပ္ၾကိဳးစားၿပီးသူ႔ရဲ႕ အခ်ိန္ေတြနဲ႔ အာရုံေတြကိုအလုပ္မွာပဲျမဳပ္နွံခဲ့တာေၾကာင့္ မိန္းမျဖစ္သူနဲ႔ကြဲကြာသြားခဲ့ရတဲ့ Seok Woo တစ္ေယာက္ သမီးျဖစ္သူနဲ႔လဲ အေနစိမ္းေနခဲ့တာၾကာပါၿပီ။ အေမျဖစ္သူနဲ႕ ခြဲခြာေနရတဲ့ သမီးျဖစ္သူဟာလည္းအေဖျဖစ္သူကို မေက်မနပ္ျဖစ္ေနသူပါ။ အေဖျဖစ္သူကို ဘူဆန္ၿမို႕ကို လိုက္ပို႕ဖို႕ေျပာတဲ့အခါ ဆိုးလ္ၿမိဳ႕ကေန ဘူဆန္ကို ရထားစီးၿရင္း ခရီးထြက္ခြာလာခဲ့ပါတယ္။
ဘူတာရုံကေန ထြက္တဲ့အခ်ိန္ကစၿပီး ေရာဂါပိုတစ္ခုေၾကာင့္ ဖုတ္ေကာင္ျဖစ္သြားတဲ့ Zombies ေတြတိုက္ခိုက္တာခံရၿပီး ရထားေမာင္းသမားနဲ႕ ခရီးသည္မ်ား သတ္ျဖတ္တာခံရပါေတာ့တယ္။ ရထားေမာင္းသမားမရွိဘဲ ဘူဆန္ကို အရွိန္ျပင္းျပင္းသြားေနတဲ့ ရထားေပၚမွာ သားအဖႏွစ္ေယာက္ ရထားေပၚက ခရီးသည္အခ်ဳိ႕ဟာ ဘယ္လိုမ်ဳိးျဖတ္ေက်ာ္ ၾကမလဲဆိုတာ စိတ္လႈပ္ရွားဖြယ္ စိတ္ဝင္စားဖြယ္ ရိုက္ကူးထားတဲ့ ဇာတ္ကားေလးပါ။
#crd
အင်မတန်အလုပ်ကြိုးစားပြီးသူ့ရဲ့ အချိန်တွေနဲ့ အာရုံတွေကိုအလုပ်မှာပဲမြုပ်နှံခဲ့တာကြောင့် မိန်းမဖြစ်သူနဲ့ကွဲကွာသွားခဲ့ရတဲ့ Seok Woo တစ်ယောက် သမီးဖြစ်သူနဲ့လဲ အနေစိမ်းနေခဲ့တာကြာပါပြီ။ အမေဖြစ်သူနဲ့ ခွဲခွာနေရတဲ့ သမီးဖြစ်သူဟာလည်းအဖေဖြစ်သူကို မကျေမနပ်ဖြစ်နေသူပါ။ အဖေဖြစ်သူကို ဘူဆန်မြို့ကို လိုက်ပို့ဖို့ပြောတဲ့အခါ ဆိုးလ်မြို့ကနေ ဘူဆန်ကို ရထားစီးရြင်း ခရီးထွက်ခွာလာခဲ့ပါတယ်။
ဘူတာရုံကနေ ထွက်တဲ့အချိန်ကစပြီး ရောဂါပိုတစ်ခုကြောင့် ဖုတ်ကောင်ဖြစ်သွားတဲ့ Zombies တွေတိုက်ခိုက်တာခံရပြီး ရထားမောင်းသမားနဲ့ ခရီးသည်များ သတ်ဖြတ်တာခံရပါတော့တယ်။ ရထားမောင်းသမားမရှိဘဲ ဘူဆန်ကို အရှိန်ပြင်းပြင်းသွားနေတဲ့ ရထားပေါ်မှာ သားအဖနှစ်ယောက် ရထားပေါ်က ခရီးသည်အချို့ဟာ ဘယ်လိုမျိုးဖြတ်ကျော် ကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။
#crd

Comments
Post a Comment